Back to news
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၅) ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
@Source: myawady.net.mm
Skip to main content
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၅) ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၅) ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ် (၁၅) ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ကျင်းပခဲ့ကြောင်း သိရသည်။
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၅)ပွဲစဉ်များအဖြစ် နံနက် ၈ နာရီက Linn Latt FC အသင်းနှင့် Futsal Chit Thu အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး နံနက် ၉ နာရီ ၄၅ မိနစ်က Futsal 19 FC အသင်းနှင့် M2K FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ M2K FC အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲက VUC FC အသင်းနှင့် Dream Team FC အသင်းတို့ကစားခဲ့ရာ VUC FC အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က MIU FC အသင်းနှင့် Generations FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ Generations FC အသင်းက ၆ ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ညနေ ၃ နာရီက Let Wel Thone Nara အသင်းနှင့် Winner Soccer FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Winner Soccer FC အသင်းက ၃ ဂိုး၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ် (၁၅) ပွဲစဉ်များအပြီးတွင် VUC FC အသင်းက ပွဲစဉ်အားလုံး ရာနှုန်းပြည့်နိုင်ပွဲရယူထားပြီး ရမှတ် ၄၅ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။
စည်သူအောင်
ပြည်တွင်းသတင်း
Related News
09 May, 2025
Aki set for 150th cap as Connacht take o . . .
02 Apr, 2025
Love Islander ‘soft launches’ new rugby . . .
10 Jul, 2025
‘I only died four times’: Ex-UFC star Be . . .
09 May, 2025
"Toronto gonna smoke whoever wins this s . . .
05 Jun, 2025
The Twilight of Evening News: Anchor Swa . . .
20 Jul, 2025
Gwyneth Paltrow was disappointed when Br . . .
10 Jul, 2025
The Secret Service suspended six staffer . . .
11 May, 2025
Latest death notices across Wales as fam . . .