Skip to main content
WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံ ပါရှိလာ
WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံ ပါရှိလာ
ရန်ကုန် ဧပြီ ၂၃
မြန်မာလက်ဝှေ့ကော်မရှင် (MBC)၏ ဆောင်ရွက်မှုဖြင့် WBC (ကမ္ဘာ့ဘောက်ဆင် ကောင်စီ)နှင့် OPBF(အာရှပစိဖိတ် ဘောက်ဆင်အဖွဲ့ချုပ်)တို့မှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံ ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြန်မာဘောက်ဆင် ကော်မရှင်ကို ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၌ ပရော်ဖက်ရှင်နယ် ဘောက်ဆင် ပြိုင်ပွဲများ ကျင်းပသည့်နည်းတူ ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်ဘောက်ဆင်ကော်မရှင်၏ WBC ပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် OPBF ပြိုင်ပွဲများတွင်လည်း မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင် သမားများ သွားရောက်ယှဉ်ပြိုင်နေပြီ ဖြစ်သည်။
မြန်မာဘောက်ဆင်ကော်မရှင်(MBC)ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၁၆၁ နိုင်ငံရှိသော WBC နှင့် WBC လက်အောက်ခံ OPBF တို့က အဖွဲ့ဝင်နိုင်ငံ အဖြစ် တရားဝင် လက်ခံလိုက်သည့်အတွက် အဆိုပါအဖွဲ့အစည်းများမှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံကို ထည့်သွင်းပေးခြင်းဖြစ်ကြောင်း လည်း သိရသည်။
ကမ္ဘာပေါ်တွင် ဆုကြေးစားပရော်ဖက် ရှင်နယ်ဘောက်ဆင် အဖွဲ့အစည်းကြီး လေးခုဖြစ်သော WBA၊ WBO၊ WBA နှင့် IBF အဖွဲ့ ကြီးလေးခုရှိပြီး အဆိုပါအဖွဲ့ကြီးလေးခုချိတ်ဆက်ထားသည့် အတွက် WBC အဖွဲ့ဝင် ဖြစ်လာသော မြန်မာဘောက်ဆင်ကော်မရှင်(MBC)ကို အဖွဲ့ဝင်အဖြစ် ယင်းအဖွဲ့ကြီးလေးခုစလုံးက အသိအမှတ်ပြု လက်ခံလိုက်ခြင်း ဖြစ်သည်။ ကျန်အခြားအဖွဲ့များ၏ ခါးပတ်များတွင်လည်း မြန်မာနိုင်ငံတော်အလံကို ထည့်သွင်း ဖော်ပြမည်ဟု သိရသည်။
ပြည်တွင်းသတင်း
Related News
29 Mar, 2025
Eoin Morgan Reveals Top Picks For Englan . . .
21 Jun, 2025
Where have all the anti-war Democrats go . . .
20 Jun, 2025
Manchester United begin talks to sign Ma . . .
18 Apr, 2025
World News | Jaishankar Extends Greeting . . .
26 Apr, 2025
Can AI make my life easier? I spent a we . . .
10 Mar, 2025
WATCH: Rooney's insightful analysis . . .
08 Jun, 2025
The dark fantasy RPG The Blood of Dawnwa . . .
01 Jun, 2025
Springer hits two homers as Blue Jays to . . .