Skip to main content
တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပြန်လည်ထွက်ခွာ
တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပြန်လည်ထွက်ခွာ
နေပြည်တော် ဧပြီ ၉
မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံမှ Y-20 အမျိုးအစားလေယာဉ် လေးစင်းဖြင့်
နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြ သည်။
အဆိုပါအဖွဲ့များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့တွင် China International Search and Rescue Team (CISAR) (Beijing) ၊ Chinese Blue Sky Search and Rescue နှင့် Hong Kong China Search and Rescue Team တို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးနှင့် ပထမဆုံးရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။
အဆိုပါအဖွဲ့များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့၌ အရေးပေါ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတို့နှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို ရှာဖွေထုတ်ယူပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုများထံ အပ်နှံပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်တွင်းသတင်း
Related News
16 May, 2025
Rory McIlroy off the pace after wayward . . .
11 Apr, 2025
Tottenham 1-1 Eintracht Frankfurt: Pedro . . .
14 Jun, 2025
How to watch Leinster vs. Bulls online f . . .
02 Apr, 2025
British Basketball Federation hands 15-y . . .
22 May, 2025
Deference and disputes: how leaders get . . .
12 Apr, 2025
Sports News | Australian Star Perry Back . . .
06 Jun, 2025
Gender row Olympic champion Imane Khelif . . .
17 Apr, 2025
Woman who predicted 9/11 and JFK assassi . . .