Skip to main content
ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ
ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ
နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်တွင် ပုဗ္ဗသီရိဈေး၌ကျင်းပသည်။
ရှေးဦးစွာ ဈေးရောင်းပွဲတော်မုခ်ဦးအား နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောနိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တာဝန်ရှိသူများက MSME ဈေးရောင်းပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ် ဖျော်ဖြေနေမှုနှင့် MSME ဒေသထွက်ကုန် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုပြီး အဆိုပါပွဲတော်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ ရောင်းချပေးခြင်းအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်းများ စသည့်ပျော်ရွှင်ဖွယ် အစီအစဉ်မျိုးစုံဖြင့် ဇွန်လ ၇ ရက်မှ ၁၃ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
Related News
10 Aug, 2025
Joao Pedro Net Worth: Biography, Age, He . . .
11 Mar, 2025
Puthiyakavu Pongala on March 14
17 Mar, 2025
Reliance JIO comes up with unlimited off . . .
21 Apr, 2025
Rafatu Inusah Eyes Ghana Olympic Committ . . .
24 Jun, 2025
Daniels rescues point for relegation-thr . . .
17 May, 2025
UAE vs Bangladesh 2025 T20I series: Full . . .
26 Jul, 2025
Canadian Druze call on the international . . .
20 Jun, 2025
Chiefs vs Crusaders: Red-hot Chiefs chal . . .