Back to news
40th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
@Source: myawady.net.mm
Skip to main content
40th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
40th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
ရန်ကုန် ဇွန် ၂၉
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Junior Golf Myanmar (JGM) ၏ အကြိမ် ၄၀ မြောက် မျိုးဆက်သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကလပ်(တညင်းကုန်း)၌ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ Junior Golf Myanmar (JGM) မှ အမှုဆောင်များ၊ ရန်ကုန်ဂေါက်ကလပ်(တညင်းကုန်း)မှ အမှုဆောင်များ၊ အားကစားသမားများ၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ Junior Golf Myanmar (JGM) အတွင်းရေးမှူး ဦးကျော်မင်းမင်းလတ်က အသက် ၁၂ နှစ်အောက်(အမျိုးသား)သက်တမ်းတွင် တတိယဆုရရှိသော ကောင်းခန့်ဇော်၊ ဒုတိယဆုရရှိသော အောင်စိုးထွန်း၊ ပထမဆုရရှိသော ငွေဖုန်းသိင်္ခတို့အား လည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အသက်၁၈ နှစ်အောက်(အမျိုးသမီး) သက်တမ်းတွင် တတိယဆုရရှိသော CHOI HUI၊ ဒုတိယဆုရရှိသော နန်းဆိုင်အွမ်ငင်း၊ပထမဆုရရှိသော ဆုနှင်းဖြူတို့အား လည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်းက အသက် ၁၄ နှစ်အောက် (အမျိုးသား)သက်တမ်းတွင် တတိယဆုရရှိသော လင်းထက်ညီ၊ ဒုတိယဆုရရှိသော နိုင်ဦးကို၊ ပထမဆုရရှိသော ကျော်သံလွင်ဟိန်းတို့အားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက၁၈နှစ်အောက် (အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ကောင်းထက်၊ ဒုတိယဆုရရှိသော Locadio K၊ ပထမဆုရရှိသော မင်းခန့်သော်တို့အား လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
40th Junior Golf Myanmar Championship ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်ဂေါက်ကလပ်(တညင်းကုန်း) တွင် ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၉ ရက် အထိ သုံးရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။
Related News
16 Jul, 2025
School Assembly News Headlines (July 17) . . .
23 Mar, 2025
‘Faster than life’ – Watch Bono’s emotio . . .
13 Mar, 2025
US President Donald Trump presented with . . .
10 Mar, 2025
Baby Cricket Cranes lose to Tanzania U-1 . . .
19 Mar, 2025
USMNT wildcards who can fill vets' boots . . .
01 May, 2025
Travis Kelce has moment with girlfriend . . .
30 Mar, 2025
I'm giving my kids the 90s childhood I g . . .
03 May, 2025
20 jobs at risk as popular Andrew Morris . . .